Chordyes

မျှော်လင့်ရင်

Susanna Min의 မျှော်လင့်ရင် 가사

Verse 1 ကိုယ်တော်ကောင်းမြတ်တယ် ပြောနေချိန်မှာပဲ ဒုက္ခကြုံတယ် အခြေအနေနဲ့ ဝန်ခံတာနဲ့ တစ်သားထဲ ဖြစ်မနေချေ ကိုယ်တော်ကောင်းမြတ်နေအုံးမယ် ကောင်းမွန်ပြီး ဝန်ခံလိုက်တယ် ယုံကြည်တယ် အခြေအနေတိုင်း ကျွန်ုပ်ရဲ့အကျိုးအတွက် ပြုစုပေးနေတယ် ကိုယ်တော်ကောင်းမြတ်တယ် Chorus ဒီမုန်တိုင်းများ မမှုပါဘူး မြင်နေသမျှဟာ ခေတ္တခဏပဲဖြစ်တာ သေချာပိုင်းခြား သိတယ် သခင်ပေးအပ်တဲ့ ကားတိုင်ကို ထမ်းကာ လမ်းဆုံးထိတိုင် သွားမယ် သခင်ပေးမယ့်နေ့ကို မျှော်လင့်ရင်း အသက်ရှင်မယ် Verse 2 ကိုယ်တော်ကောင်းကြီးတွေ ကောင်းကင်ကြယ်တွေထက် များလွန်းပါတယ် ဝန်ခံတာနဲ့ အခြေအနေနဲ့ တစ်သားထဲ ဖြစ်မနေလည်း ကြုံလာမယ့် ပြဿနာများကို သခင်ပြင်ပေးမယ် ဝန်ခံလိုက်မယ် ယုံကြည်တယ် အရာရာ ကျွန်ုပ်ရဲ့အကျိုးအတွက် ပြုစုပေးနေတယ် Chorus ဒီမုန်တိုင်းများ မမှုပါဘူး မြင်နေသမျှဟာ ခေတ္တခဏပဲဖြစ်တာ သေချာပိုင်းခြား သိတယ် သခင်ပေးအပ်တဲ့ ကားတိုင်ကို ထမ်းကာ လမ်းဆုံးထိတိုင် သွားမယ် ကျွန်ုပ်ရဲ့မျက်ရည် သခင်သုတ်ပေးမယ့်နေ့ကို မျှော်လင့်ရင်း အသက်ရှင်မယ် Bridge မောပန်းလွန်းလှချိန် သခင်ရဲ့ အသေခံခြင်းတွေက ပြန်ထဖို့ ခွန်အားဖြစ်စေ အကြိမ်ကြိမ် မောပန်းလို့ လဲ သခင်ရဲ့ သေခြင်းတွေက ပြန်ထဖို့ ခွန်အားဖြစ်စေ အကြိမ်ကြိမ် Outro ဒီမုန်တိုင်းများ မမှုပါဘူး မြင်နေသမျှဟာ ခေတ္တခဏပဲဖြစ်တာ သေချာပိုင်းခြား သိတယ် ဒီမုန်တိုင်းများ မမှုပါဘူး မြင်နေသမျှဟာ ခေတ္တခဏပဲဖြစ်တာ သေချာပိုင်းခြား သိတယ် သခင်ပေးအပ်တဲ့ ကားတိုင်ကို ထမ်းကာ လမ်းဆုံးထိတိုင် သွားမယ် သခင်သုံးပေးမယ့်နေ့ကို မျှော်လင့်ရင်း အသက်ရှင်မယ်