Intro
Verse
ရောင်ခြည်အပြည့်အဝရတဲ့ အကိုင်းအခက်အမြင့်ဆုံးဝယ်
အမည်မတူကွဲသောဒြပ်တစ်ခု ကိုယ့်အနားခေါ်ထားမိတယ်
ရောင်ခြယ်ထားလည်း လျှပ်စီးများလက်နေဆဲ
ညင်သာစွာထွေးပွေ့ထားပါတယ် သူဟာလေသက်ရှိအရုပ်ပါကွယ်
Chorus
ကြယ်ပန်းတွေရင်ခွင်မှာ အပိုင်သိမ်းထားမယ်
ငွေမှင်ရောင်ရိုက်နှက်ချက်တွေလည်း ကိုယ်သတိထားပြီးချစ်ပါမယ်
လက်ဖဝါးငယ်မှီနေပါ ကိုယ့်ပခုံးထက်ဝယ်
သာယာတဲ့သီချင်းတစ်ပုဒ်ညည်းနေမယ် ရင်ဘတ်ထဲကအတိုင်းပါပဲ
Instrumental
Verse
ကာဆီးထားတဲ့ကမ္ဘာကြီးတစ်ခုဟာ မဲမှောင်လို့သွားတယ်
ဖြစ်ထွန်းဆဲကွယ် ကိုယ်အရိပ်တစ်ခုမှာရှိနေနိုင်မလားပဲ
ရေခံမြေခံ စိုက်စိုက်ထွန်းလို့
ပင်စည်ပင်လွှာမင်းအရှိအတိုင်းဆိုလည်းလေ
Chorus
ကြယ်ပန်းတွေရင်ခွင်မှာ အပိုင်သိမ်းထားမယ်
ငွေမှင်ရောင်ရိုက်နှက်ချက်တွေလည်း ကိုယ်သတိထားပြီးချစ်ပါမယ်
လက်ဖဝါးငယ်မှီနေပါ ကိုယ့်ပခုံးထက်ဝယ်
သာယာတဲ့သီချင်းတစ်ပုဒ်ညည်းနေမယ် ရင်ဘတ်ထဲကအတိုင်းပါပဲ
Solo

Ending
လေပြေတိုးတိုးအသံ
လေပြေတိုးတိုးအသံ
ကာဆီးထားတဲ့ကမ္ဘာကြီးတစ်ခုဟာ မဲမှောင်လို့သွားတယ်